(၂၀-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသန်းဆွေသည် ဗီယင်နာမြို့အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်၊ (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ပြီး၊ မြန်မာ-ဩစတြီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအခွင့်အလမ်းများ၊ ဩစတြီးယား-မြန်မာ အသင်း ၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20230320 02

20230320 02

Embassy Websites

Government Ministries