(၂၀-၃-၂၀၂၃ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဗီယင်နာမြို့ အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်၊ (၁၁:၀၀) နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အကောင် အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

20230320 05

Embassy Websites

Government Ministries