(၂၂-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က မြန်မာနိုင်ငံ၌ ICRC မှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ICRC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ညှိနှိုင်းဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

20230322 03

20230322 03

20230322 03

Embassy Websites

Government Ministries