(၂၃-၃-၂၀၂၃၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည်မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ၂၃-၃-၂၀၂၃ ရက်၊ (၁၁၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က စတင်အဆိုပြုခဲ့သည့် ကမ္ဘာလုံး ဆိုင်ရာ လူသားယဉ်ကျေးမှု အစီအစဉ် (Global Civilization Initiative) ကိစ္စ၊ တရုတ်နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်နှင့် (၁၄) ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးတို့မှ ရရှိခဲ့သည့် အောင်မြင်မှုရလဒ်များ၊မြန်မာ-တရုတ် နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးပိုမို မြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း အားထုတ်မှုများနှင့် ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ် အောင်မြင်စေရေးအတွက်တရုတ်နိုင်ငံမှ အပြု သဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များအပါအဝင်ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။

20230323 02

20230323 02

Embassy Websites

Government Ministries