ကယ်လီဖိုးနီးယားပြည်နယ်တွင် COVID-19 ကူးစက်ပြန့်ပွားမှု မြင့်တက်လာသည်နှင့်အမျှ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Gavin Newsom က ၁၉-၃-၂၀၂၀ ရက်နေ့တွင် ပြည်နယ်တစ်ဝှမ်းလုံး လိုက်နာစေရန် “Stay at Home” အမိန့်အား ထုတ်ပြန်ကြေညာခဲ့ရာ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ၂၀-၃-၂၀၂၀ ရက်နေ့မှစတင်၍ ရုံးအား ခေတ္တပိတ်ထားမည်ဖြစ် ကြောင်းနှင့် ရုံးပြန်လည်ဖွင့်လှစ်မည့်ရက်အား ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါကြောင်း ဖော်ပြ အပ်ပါသည်။
